ခိုလမ်မြို့တွင် စက်သုံးဆီအ‌ရောင်းဆိုင်များ၊ ပွဲရုံများနှင့် လူနေအိမ်များအတွင်း မီးဘေးကြိုတင်ကာကွယ်‌ရေးဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းစစ်ဆေး

 

ခိုလမ် ဖေဖော်ဝါရီ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၊ ပွဲရုံများနှင့် လူ‌‌နေအိမ်များတွင် မီးဘေးကြိုတင်ကာကွယ်‌ရေးဆောင်ရွက်ထားရှိမှုများကို ယနေ့နံနက် (၉)နာရီခွဲအချိန်က ကွင်းဆင်းစစ်ဆေး အကြံပြုခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးဇင်မင်းဦးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပူး‌ပေါင်း၍ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မြို့အတွင်း မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရေး၊ မီးသတ်ဆေးဘူးထားရှိ‌‌စေရေး၊ မီးသုံးစွဲမှု စနစ်တကျရှိ‌စေရေးနှင့် မီးဘေးအန္တရာယ်များ ကင်းရှင်းစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ 

နေလင်းထွန်း(ပြန်/ဆက်)