သံဖြူဇရပ်၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်/စာအုပ်စာစောင်ပြသ

 သံဖြူဇရပ် ဖေဖော်ဝါရီ  ၁

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကျင်းပပြုလုပ်သည်။

ဉီးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်အေးအေးသီကလူငယ်များအနေဖြင့် အထိမ်းအမှတ်နေ့များကို အမှတ်ရစေရန်၊ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများ သိရှိစေရန်အသိပညာပေး ဟောပြောသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများမှ ပြသထားသည့်အသိပညာပေးနံရံကပ်စာစောင်တွင် ပြည်ထောင်စုနေ့သမိုင်းကြောင်းဆိုင်ရာ မှတ်တမ်းများကို စိတ်ပါဝင်စားကြည့်ရှုလေ့လာကြကြောင်းနှင့်ပြသထားသည့် သုတ/ရသစာအုပ်များကိုလည်း ဖတ်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)