မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မိုးနဲ ဖေဖော်ဝါရီ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဥ်ရပ်ကွက် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမနေရာ၌ ယနေ့နံနက် ၉ နာရီအချိန်က (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုအဖြစ် စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြသည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက ကျောင်းသား/သူလေးများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများပါ ရရှိစေရန်၊ အတွေးအခေါ်ကောင်းများ တွေးခေါ်နိုင်စေရန်၊ ကျောင်းတွင်းပြိုင်ပွဲများအပြင် ပြင်ပပြိုင်ပွဲများ၌ပါ ပါဝင်ယှဥ်ပြိုင်စွမ်းရှိစေရန်၊ တစ်ဦးနှင့်တစ်ဦး ကောင်းမွန်သည့် ယှဥ်ပြိုင်လိုစိတ်ရှိစေရန်၊ ပြိုင်ပွဲအတွေ့အကြုံများကို ကျောင်းတွင်ကျန်ရှိသည့် ကျောင်းသား/ သူလေးများနှင့် အပြန်အလှန်ဖလှယ်ကာ ယှဥ်ပြိုင်လိုစိတ်များ ဖြစ်ပေါ်လာစေရန်နှင့် နေ့ကြီးရက်ကြီးများကို မှတ်မှတ်ထင်ထင်ရှိစေရန် ရည်ရွယ်၍ ပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားပြီး မြို့ပေါ်အခြေခံပညာကျောင်း()ကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား/သူ ၁၅ ဦးမှ ပါဝင်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။ ဆုရရှိသူများကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့တွင် ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇင်ကိုကို(ပြန်/ဆက်)