တန့်ယန်းမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Pfizer) ထိုးနှံ

တန့်ယန်း ဖေဖော်ဝါရီ ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Pfizer) ထိုးနှံခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။

အဆိုပါ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး(Pfizer)ထိုးနှံခြင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရီရီထွေးက(Pfizer Covid Vaccine)ဆေး ထိုးနှံရခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး မြို့နယ်အတွင်းရှိ ပြည်သူ့ကျန်းမာရေးဝန်ထမ်း စုစုပေါင်း(၉၃)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)