(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ

ပုဗ္ဗသီရိ ဖေဖော်ဝါရီ ၁

ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဝဏ္ဏဒီပရပ်ကွက်၊ ဓမ္မာရုံရှေ့အားကစားကွင်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဦးဆောင်ကျင်းပပြုလုပ်သော (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယမန်နေ့ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အားကစားပြိုင်ပွဲတွင် ဘောလုံးအားကစားနည်းပြိုင်ပွဲအပါအဝင် အားကစားနည်း(၆)မျိုးဖြင့် ရပ်ကွက်နေပြည်သူများက ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ပြိုင်ပွဲကာလမှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၃၁)ရက်နေ့မှ ဖေဖော်ဝါရီလ(၁၂)ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)