အမရပူရ ဖေဖော်ဝါရီ ၁
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ သမိုင်းဝင်ဦးပိန်တံတားအနီးတွင် ယနေ့ နံနက် ၇ နာရီ အချိန်က တောင်သမန်မယ်ဇယ်လွင်ပြင်ဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဦးပိန်တံတားအနီးတွင် မယ်ဇယ်တန်းအလှ ဓာတ်ပုံပြိုင်ပွဲတွင် ဆုရရှိသူများ ဆုချီးမြှင့်ပွဲကို ပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်က အမှာစကား ပြောကြားသည်။ မန္တလေးတိုင်းဒေသကြီးမြို့တော်ဝန် ကျော်ဆန်းက တောင်သမန်မယ်ဇယ်လွင်ပြင်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့မိမြို့ဖ ဦးကျော်ကျော်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး ဓာတ်ပုံပြိုင်ပွဲတွင် ဆုရရှိသူများကို ဆုများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် မယ်ဇယ်တန်းအနီးရှိ စျေးဆိုင်းများအနီးတွင် တောင်သမန်မယ်ဇယ်လွင်ပြင်ကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြိးနေလင်းစိုး၊ စီးပွားရေးဝန်ကြီး ဦးသိန်းဌေး၊ မြို့တော်ဝန်ဦးကျော်ဆန်းနှင့် မြို့မိမြို့ဖဦးကျော်ကျော်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။ ဖွင့်ပွဲတွင် မန်းစည်ပင်တေးဂီတအဖွဲ့က သီဆိုဧည့်ခံဖျော်ဖြေပေးခဲ့ကြပြီး မန္တလေးအနုပညာဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူလေးများက အားဖြည့်ဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)