ကျိုင်းတုံမြို့နယ် အ.ထ.က(ခွဲ) ကတ်ဖကျောင်း၌ ပညာရေးစုံညီပွဲတော် ကျင်းပ

ကျိုင်းတုံ ဇန်နဝါရီ ၃၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ အ.ထ.က(ခွဲ) ကတ်ဖကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ ခရိုင်ပညာရေးမှူး ဒေါ်စန်းစန်းအေးက အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်မော်မော်က ပညာရေးစုံညီပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးစိုင်းဆမ်တစ်နှင့် တာဝန်ရှိသူများက အထိမ်းအမှတ်နေ့များအလိုက် ကျင်းပခဲ့သည့် ပြိုင်ပွဲများတွင် ဆုများရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြပြီး ကျောင်းသား၊ ကျောင်းသူများက တေးသရုပ်ဖော် ရိုးရာယဉ်ကျေးမှု အကအလှများဖြင့် ဖြေဖျော်တင်ဆက်ကြရာ တာဝန်ရှိသူများနှင့် ကျောင်းသားမိဘများက ဂုဏ်ပြဆုငွေများ ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)