ကချင်ပြည်နယ်မနောလိဂ်ကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် ဘောလုံးဒိုင် သင်တန်းဖွင့်ပွဲ ကျင်းပ

မြစ်ကြီးနား     ဇန်နဝါရီ        ၃၁

ကချင်ပြည်နယ် ကိုယ်စားပြု ဖွဲ့စည်းတည်ထောင်ထားသည့် မနောလိဂ်ဘောလုံး ကော်မတီမှ ကြီးမှူး၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ပူးပေါင်းကာ ဘောလုံးဒိုင်လူကြီး သင်တန်းဖွင့်ပွဲကို ဇန်နဝါရီ ၃၁ ရက် နံနက် ၁၁ နာရီက မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က အဖွင့်အမှာစကားပြောကြားပြီး မနောလိဂ်ပြိုင်ပွဲ ဖြစ်မြောက်ရေးကော်မတီဒုတိယဥက္ကဋ္ဌ ဦးဂျပ်မွန်းအောင်က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြသည်။

ထို့နောက် တန်းနည်းပြ ဦးခင်မောင်သန်းက သင်တန်းနှင့်ပတ်သက်သည်များအား ရှင်းလင်းတင်ပြခဲ့ပြီး ကချင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးက သင်တန်းဖွင့်လှစ်နိုင်ရေး အတွက်ထောက်ပံ့ငွေများ၊ သင်တန်းနည်းပြများအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် သင်တန်းသား များအတွက် သင်တန်းဝတ်စုံများ ထောက်ပံ့ပေးအပ်ကာ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူး ခဲ့ကြသည်။

အဆိုပါ သင်တန်းကို ဇန်နဝါရီ ၂၉ ရက်မှ ဖေဖော်ဝါရီ ၄ ရက်နေ့အထိ ဖွင့်လှစ်သွား မည်ဖြစ်ကာ ပြည်နယ်အတွင်းမှ စိတ်ပါဝင်စားသူ လူငယ် (၁၈)ဦး တက်ရောက်လျက်ရှိပြီး ဘောလုံးဒိုင်လူကြီးများ သိသင့်သိထိုက်သည်များအား စာတွေ့လက်တွေ့ သင်ကြားပေးသွား မည်ဖြစ်ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)