လယ်ဝေး ဇန်နဝါရီ ၃၁
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြိုနယ်တွင် နေပြည်တော်မီးသတ်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဇော်ဌေး ဦးဆောင်၍ ရပ်ကွက်/ကျေးရွာများအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်ရည်ရွယ်၍ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် အမှတ်(၆) ရပ်ကွက်ရှိ ပေါက်မြိုင်ကျောင်းတိုက်တွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် နေပြည်တော်မီးသတ်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဇော်ဌေး ဦးဆောင်၍ လယ်ဝေးမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၃၁ ရက်မှ စတင်ကာ ရပ်ကွက်ကျေးရွာများအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအား မီးဘေးကြိုတင်ကွယ်ရေးစစ်ဆေးအကြံပေးခြင်း၊ အရေးပေါ်မီးသတ်တယ်လီဖုန်းနံပါတ်များ ဖြန့်ဝေပေးခြင်း၊ လျှပ်စစ်မီး၊ မီးဖိုမီးအသုံးပြုသည့်နေရာများတွင် စနစ်တကျသုံးစွဲရန် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ထားရှိရန် အသိပညာပေးခြင်းများနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)