ကျိုင်းတုံမြို့ အ.ထ.က (၃)ကျောင်း၌ သဘာဝဘေး အသိပညာပေးဟောပြော

ကျိုင်းတုံ ဇန်နဝါရီ ၃၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌   သဘာဝဘေး အသိပညာပေးဟောပြောပွဲကို ယနေ့တွင် အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်းတွင်  ပြုလုပ်သည်။

ဟောပြောပွဲတွင် ကျိုင်းတုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်ဝင်းနှင့် ဝန်ထမ်းများက ငလျင်လှုပ်စဉ် ဆောင်ရွက်ရမည့်အချက်များ၊ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ကြိုတင်ကာကွယ်ခြင်းနည်းလမ်းများ၊ ငလျင်လှုပ်ရခြင်းအကြောင်းအရင်းများ၊ သဘာဝဘေးအန္တရာယ်နှင့် အခြားသောရုတ်တရက်ဖြစ်ပွားတတ်သည့် ဘေးအန္တရာယ်များ ဖြစ်ပွားကြုံတွေ့ပါက အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှု နည်းပါးသည်ထက် နည်းပါးစေရန် ဆောင်ရွက်ရမည့်နည်းလမ်းများနှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ဌာနမှထောက်ပံ့ဆောင်ရွက်ပေးမှုများကို အသိပညာပေးဟောပြောပြီး သဘာဝဘေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)