ကျောက်ဆည် ဇန်နဝါရီ ၃၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်း စားသုံးဆီဖူလုံ ပိုလျှံရေး ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းရာသီတွင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာသီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ဖျောက်ဆိပ်ပင်ကျေးရွာ၌ နိုင်ငံစီးပွားမြှင့်တင်ရေးအစီအစဉ်ဖြင့် ကွင်းအမှတ်(၂၂၂)တွင် စိုက်ပျိုးထားသော နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်၌ စားသုံးဆီဖူလုံရေး နိုင်ငံ့စီးပွားမြှင့်တင်ရေးအစီအစဉ်ဖြင့် ဆောင်းနေကြာ သီးနှံများ စိုက်ပျိုးထားရှိရာ ဖျောက်ဆိပ် ပင်ကျေးရွာ၌ တောင်သူ(၃၀)ဦးမှ (၁၅၀)ဧက၊ မှိုင်းပန်းကျေးရွာ၌ တောင်သူ (၈)ဦးမှ (၁၀၀)ဧက၊ ရဲဘော်ကြီးကျေးရွာ၌ တောင်သူ(၁၁)ဦးမှ (၆၅)ဧက၊ ရှားပင်ကျေးရွာ၌ တောင်သူ (၄၆)ဦးမှ (၉၀.၅၀)ဧက၊ ဒွေးလှကျေးရွာ၌ တောင်သူ(၄၉)ဦးမှ (၁၂၆)ဧက၊ ကျီးအိပ်ကျေးရွာ၌ တောင်သူ(၉၈)ဦးမှ (၂၇၄)ဧက၊ ရွာတော်ကျေးရွာ၌ တောင်သူ(၂၆)မှ (၁၀၅)ဧက၊ အနောက်ငါးဆူကျေးရွာ၌ တောင်သူ(၁၅)ဦးမှ (၃၉.၅၀)ဧက၊ ကတဲကျေးရွာ၌ တောင်သူ(၁၂)ဦးမှ (၅၀) ဧက စုစုပေါင်း(၁၀၀)ဧက စိုက်ပျိုးထားကြောင်း သိရသည်။
ဆောင်းနေကြာသီးနှံများစိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများနှင့်ပူးပေါင်းပြီး သိပ္ပံနည်းကျစနစ်ဖြင့် စိုက်ပျိုးရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် နေကြာ(၁)ဧကတွင် အပင်အပြုအစု၊သွင်းအားစု၊မြေအမျိုးအစားနှင့်ရာသီဥတုအပေါ် မူတည်၍ (၁၅) တင်းမှ (၂၅)တင်းအထိ ထွက်ရှိကြောင်း နေကြာစိုက်တောင်သူများ ထံမှသိရသည်။
သက်မောင်(ကျောက်ဆည်)