ပြင်ဦးလွင်ခရိုင်၌ မီးဘေးလုံခြုံရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းများ ဆောင်ရွက်

ပြင်ဦးလွင် ဇန်နဝါရီ ၃၁

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့၌ မီးဘေးလုံခြုံရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး ကြိုတင်စစ်ဆေးခြင်းများဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက ရပ်ကွက်ကြီး (၈) နဝရတ်လမ်းနှင့် ယုဇနလမ်းထောင့်ရှိ အိမ်ခြေ (၁၀၀) ကျော်အား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ မီးဘေးလုံခြုံရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦး​ကျော်ဆန်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမိုးဆွေနှင့် ခရိုင်/မြို့နယ် သန္ဓေတပ်ဖွဲ့ဝင် (၁၀)ဦး၊ အရန်မီးသတ်အဖွဲ့ဝင် ငါးဦး၊ ရာအိမ်မှူး နှစ်ဦးတို့က ရပ်ကွက်နေပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်ကင်းဝေးစေရန် ထမင်းဟင်းများ ချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များစနစ်တကျ ငြှိမ်းသတ်ကြရန်၊ လျှပ်စစ်ဝါယာကြိုးအဟောင်းများအား ပြုပြင်သုံးစွဲကြရန်၊ အိမ်တိုင်း/ဆိုင်တိုင်းတွင် မီးသတ်ဆေးဘူးများ ဆောင်ထားကြရန်နှင့် အရေးပေါ်မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနဖုန်းနံပါတ်ဖြစ်သော 191 သို့ဆက်သွယ်ပေးရန် ကွင်းဆင်းစစ်ဆေး မှာကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 ဖြူလူသစ်