တန့်ယန်း ဇန်နဝါရီ ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၄-ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အဦမှတ်တမ်းတင်ခြင်းလုပ်ငန်းများကို ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက်ပိုင်းက အမှတ် (၆) ရပ်ကွက်၌ မြေပြင်ကွင်းဆင်း ဆောင်ရွက်ကြသည်။
အဆိုပါ မြေပြင်ကွင်းဆင်း၍ အဆောက်အဦမှတ်တမ်းတင်ခြင်းလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအမ်ဇော်နော်နှင့် ဝန်ထမ်းများက ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးဝန်ထမ်းများ၊ နယ်မြေအလိုက် တာဝန်ရှိသူများနှင့်ပူးပေါင်းကာ အဖွဲ့များခွဲ၍ ၂၀၂၄-ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အဦမှတ်တမ်းတင်ခြင်းအား E-Mobile Tablet စနစ်ဖြင့် စနစ်တကျပြုစုဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။
တန့်ယန်းမြို့နယ်တွင် ရပ်ကွက် (၁၀) ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၉) အုပ်စုရှိရာ စာရင်းကောက်ယူရန် သတ်မှတ်ထားသည့် ကောက်ကွက် (၅၂) ကွက်ကို မြေပြင်ကွင်းဆင်းကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)