မိုင်းပျဉ်း ဇန်နဝါရီ ၃၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ အခြေခံပညာဦးစီးဌာန၊ G-5,G-9 ကြီးကြပ်ရေးမှူးနှင့် စာမေးပွဲလုပ်ငန်းဆိုင်ရာ ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ နီလာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်နန်းဟွမ်နွမ်းက အဖွင့်အမှာစကားပြောကြားပြီး၊ G-5,G-9 ကြီးကြပ်ရေးမှူးနှင့် စာမေးပွဲလုပ်ငန်းဆိုင်ရာ ထပ်ဆင့်ဆွေးနွေးပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပါသည်။ ထို့နောက် မိုင်းပျဉ်းမြို့နယ် အခြေခံပညာဦးစီးဌာန၏ ၂၀၂၃−၂၀၂၄ ပညာသင်နှစ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများနှင့် တာဝန်ခံကျောင်းအုပ်ကြီးများ၏ G-5,G-9 ကြီးကြပ်ရေးမှူးနှင့် စာမေးပွဲလုပ်ငန်းဆိုင်ရာ ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲတွင် G-5,G-9 ကြီးကြပ်ရေးမှူးဆိုင်ရာကိစ္စရပ်များကို အထက်တန်းအဆင့်ကျောင်းအုပ်ကြီးများကလည်းကောင်း၊ G-5,G-9 စာမေးပွဲလုပ်ငန်းဆိုင်ရာကိစ္စရပ်များကို အလယ်တန်းအဆင့်ကျောင်းအုပ်ကြီးများကလည်းကောင်း ထပ်ဆင့်ရှင်းလင်းဆွေးနွေးပို့ချကြရာ (၃၁−၁−၂၀၂၄) ရက်နေ့ နံနက်(၁၀)နာရီမှ ညနေ(၄)နာရီအထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ G-5,G-9 ကြီးကြပ်ရေးမှူးနှင့် စာမေးပွဲလုပ်ငန်းဆိုင်ရာ ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲသို့ မိုင်းပျဉ်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအုပ်ကြီးများနှင့် တာဝန်ခံကျောင်းအုပ်ကြီးများ စုစုပေါင်း(၁၃၄)ဦး တက်ရောက်ကြကြောင်း ပညာရေးဌာနမှ သတင်းရရှိပါသည်။
နန်းသန္တာဦး(ပြန်/ဆက်)