မိုးနဲမြို့နယ်၌ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)ပေးအပ်ပွဲ ကျင်းပ

မိုးနဲ  ဇန်နဝါရီ   ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် တောင်သူများလက်ဝယ်သို့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ဆောင်ရွက်ပေးရခြင်းနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဝမ်ဟေကျေးရွာအုပ်စုအတွက် (ပုံစံ-၇) ၈ စောင်၊ နမ့်မော်ဆွမ့်ကျေးရွာအုပ်စုအတွက် (ပုံစံ-၇)သုံးစောင်နှင့် ကာဟအုပ်စုအတွက် (ပုံစံ-၇)တစ်စောင် စုစုပေါင်း ၁၂ စောင်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီမှ တာဝန်ရှိသူများက သက်ဆိုင်ရာတောင်သူများ၏ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)