မိတ္ထီလာ ဇန်နဝါရီ ၃၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင်၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ ဆီထွက်သီးနှံစုံ စိုက်ပျိုးဧက (၃၉၇၂၀၈) ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်တွင်းစားသုံးဆီဖူလုံပြီး စားအုန်းဆီတင်သွင်းမှုလျှော့ချနိုင်ရေး ဆီထွက်သီးနှံဖြစ်သည့် နှမ်း၊ မြေပဲနှင့် နေကြာတို့ကို ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရန် ပံ့ပိုးကူညီလျက်ရှိသည်။ ယင်းသို့ ဆောင်ရွက်လျက်ရှိရာ မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များတွင် ဆီထွက်သီးနှံများဖြစ်သည့် နေကြာနှင့် မြေပဲသီးနှံများကို မိုးဦးနှင့် မိုးနှောင်းရာသီ (ဆောင်းရာသီ)တို့တွင် စိုက်ပျိုးလျက်ရှိကြပြီး နှမ်းသီးနှံကို နွေရာသီ၊ မိုးဦးနှင့် မိုးနှောင်း(ဆောင်းရာသီ)တို့တွင် စိုက်ပျိုးကြသည်။ ထိုသို့ စိုက်ပျိုးလျက်ရှိရာမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ မိတ္ထီလာခရိုင်တွင် ဆီထွက်သီးနှံဖြစ်သည့် နှမ်းသီးနှံကို နွေနှမ်းအဖြစ် နွေနှမ်းစိုက်ဧက ၂၁၁ ဧက၊ ဝမ်းတွင်းမြို့နယ်တွင် နွေနှမ်းစိုက်ဧက ၉၈၂၆ ဧက တို့ကို စိုက်ပျိုးပြီး မိုးရာသီတွင် မိုးနှမ်းအဖြစ် မိုးနှမ်းစိုက်ဧက ၉၃၀၈၄ ဧက၊ မလှိုင်မြို့နယ်တွင် မိုးနှမ်းစိုက်ဧက ၁၅၀၅၃၂ ဧက၊ သာစည်မြို့နယ်တွင် မိုးနှမ်းစိုက်ဧက ၂၆၈၁၆ ဧက၊ ဝမ်းတွင်းမြို့နယ်တွင် မိုးနှမ်းစိုက်ဧက ၄၆၂၃၁ ဧက တို့ကို စိုက်ပျိုးခဲ့သည့်အပြင် မိုးနှောင်း (ဆောင်းရာသီ)တွင် ဆောင်းနှမ်းအဖြစ် ဆောင်းနှမ်းစိုက်ဧက ၁၅၈၇ ဧက၊ ဝမ်းတွင်းမြို့နယ်တွင် ဆောင်းနှမ်းစိုက်ဧက ၁၉၄၇ ဧက တို့ကို စိုက်ပျိုးနိုင်ခဲ့သည်။
ထို့အပြင် ဆီထွက်သီးနှံဖြစ်သည့် နေကြာသီးနှံကို မိတ္ထီလာမြို့နယ်တွင် မိုးနေကြာစိုက်ဧက ၂၀၅၀ ဧက၊ မလှိုင်မြို့နယ်တွင် မိုးနေကြာစိုက်ဧက ၄၇၁ ဧက၊ သာစည်မြို့နယ်တွင် မိုးနေကြာစိုက်ဧက ၁၅၃၄ ဧက၊ ဝမ်းတွင်းမြို့နယ်တွင် မိုးနေကြာစိုက်ဧက ၂၃၉ ဧကတို့ကို စိုက်ပျိုးခဲ့ပြီး မိတ္ထီလာမြို့နယ်တွင် ဆောင်းနေကြာစိုက်ဧက ၁၈၆၆ ဧက၊ မလှိုင်မြို့နယ်တွင် ဆောင်းနေကြာစိုက် ဧက ၅၇၂ ဧက၊ သာစည်မြို့နယ်တွင် ဆောင်းနေကြာစိုက်ဧက ၅၄၅၂ဧကနှင့် ဝမ်းတွင်းမြို့နယ်တွင် ဆောင်းနေကြာစိုက်ဧက ၂၁၀၆ဧကတို့ကို စိုက်ပျိုးနိုင်ခဲ့သည်။ ၎င်းအပြင် ဆီထွက်သီးနှံဖြစ်သည့် မြေပဲသီးနှံကို မိတ္ထီလာမြို့နယ်တွင် မိုးမြေပဲစိုက်ဧက ၄၀၆၇ ဧက၊ မလှိုင်မြို့နယ်တွင် မိုးမြေပဲစိုက်ဧက ၂၇၉၇၄ ဧက၊ သာစည်မြို့နယ်တွင် မိုးမြေပဲစိုက်ဧက ၃၂၄၀ ဧက၊ ဝမ်းတွင်းမြို့နယ်တွင် မြေပဲစိုက်ဧက ၁၁၇၇၂ ဧကတို့ကို စိုက်ပျိုးနိုင်ခဲ့ပြီး ဆောင်းမြေပဲကို မိတ္ထီလာမြို့နယ်တွင် ဆောင်းမြေပဲစိုက်ဧက ၃၈၈ ဧက၊ သာစည်မြို့နယ်တွင် ဆောင်း မြေပဲစိုက်ဧက ၂၀၆၅ ဧက၊ ဝမ်းတွင်းမြို့နယ်တွင် ဆောင်းမြေပဲစိုက်ဧက ၃၁၇၈ ဧကတို့ကို စိုက်ပျိုးနိုင်ခဲ့သည်။
ယင်းသို့ ဆီထွက်သီးနှံစုံစိုက်ပျိုးရာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာမြို့နယ်တွင် ဆီထွက်သီးနှံစုံစိုက်ပျိုးဧက ၁၀၁၆၆၆ ဧက၊ မလှိုင်မြို့နယ်တွင် ဆီထွက်သီးနှံစုံစိုက်ဧက ၁၇၉၅၄၉ ဧက၊ သာစည်မြို့နယ်တွင် ဆီထွက်သီနှံစုံ စိုက်ဧက ၄၀၆၉၄ ဧကနှင့် ဝမ်းတွင်းမြို့နယ်တွင် ဆီထွက်သီးနှံစုံစိုက်ဧက ၇၅၂၉၉ ဧကတို့ကို စိုက်ပျိုးနိုင်ခဲ့ရာ မိတ္ထီလာခရိုင်တွင် ဆီထွက်သီးနှံစုံစိုက်ပျိုးဧက ၃၉၇၂၀၈ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)