ပြင်ဦးလွင်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင်  စာဖတ်ရှိန်မြှင့်တင်ရေး ဆွေးနွေးပွဲ ကျင်းပ

ပြင်ဦးလွင်   ဇန်နဝါရီ  ၃၀

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ အမှတ်() အခြေခံပညာအထက်တန်းကျောင်း ကမ္ဘောဇခန်းမတွင်  ယနေ့နံနက် ၉ နာရီခွဲက စာဖတ်ရှိန်မြှင့်တင်ရေး ဆွေးနွေးပွဲကျင်းပရာ ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးကျော်မျိုးသူက အဖွင့်အမှာစကားပြောကြားပြီး  ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က စာဖတ်ရှိန်မြှင့်တင်ရေးဆွေးနွေးပွဲ ကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက်  စာရေးဆရာ ကိုရွှေအောင်သင်းက လူငယ်နှင့် အနာဂတ်နိုင်ငံတော် ခေါင်းစဉ်ဖြင့်  ဆွေးနွေးပြောကြားခဲ့ပြီး ကျောင်းသား/သူများက မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်များအား အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက စိတ်ဝင်တစား လေ့လာကြည့်ရှုမှတ်သား လေ့လာခဲ့ကြကြောင်း သိရသည်။

အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးဆွေးနွေးပွဲသို့   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စာရေးဆရာ ကိုရွှေအောင်သင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း (၃၀၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သွေးသွေး ခရိုင်(ပြန်/ဆက်)