ပျဉ်းမနားမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ မီဒီယာနှင့်သတင်းအချက်အလက်သိနားလည်မှုဆိုင်ရာ (MIL) သင်တန်းဖွင့်လှစ်သင်ကြား

ပျဉ်းမနား ဇန်နဝါရီ ၃၀

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ မီဒီယာနှင့်သတင်းအချက်အလက်သိနားလည်မှုဆိုင်ရာ (MIL) သင်တန်းကို ယနေ့နံပိုင်းက ဖွင့်လှစ်သင်ကြားခဲ့သည်။

အဆိုပါသင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရုံးမှ ဒုတိယတိုင်းဦးစီးမှူး ဒေါ်ခင်မာဖြူက သင်တန်းဖွင့်လှစ်သင်ကြားပေးရခြင်း၏ ရည်ရွယ်ချက်များနှင့် သင်တန်းတွင် သင်ကြားပို့ချမည့် သင်ခန်းစာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာအကြောင်းအရာများ၊ Media အမျိုးအစားများ၊  သမားရိုးကျမီဒီယာ (Traditional Media)၊ မီဒီယာပုံစံသစ် (New Media) တွင် ပါဝင်သော Close Media၊ Print Media၊ Electronic Media၊ Static Media၊ Mobile Media များ အကြောင်း၊ မီဒီယာဆိုင်ရာသိနားလည်မှု၊ သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုအကြောင်း၊ သတင်းတု/လုပ်ကြံသတင်း၊ သတင်းမှား၊ မသမာသတင်းများအား ခွဲခြမ်းစိတ်ဖြာ အကဲဖြတ်ဆန်းစစ်မှုအကြောင်း၊ သတင်းအချက်အလက်ဖရိုဖရဲဖြစ်မှု (Information Disorder) အကြောင်း၊ MIL ဂေဟစနစ်များအကြောင်းတို့ကို အသေးစိတ်ရှင်းလင်း သင်ကြားပေးခဲ့သည်။

အဆိုပါ သင်တန်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဒက္ခိဏသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်ရုံးများမှ အရာထမ်း၊ အမှုထမ်း ၁၆ ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)