မြစ်သား ဇန်နဝါရီ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် (၁၀) နာရီအချိန်က လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာအောင်က ပြည်ထောင်စုနေ့အကြို ပြိုင်ပွဲများ ဆောင်ရွက်ရာတွင် ပြိုင်ပွဲစည်းကမ်းချက်များနှင့် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့်တို့တွင် ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင် ကျောင်းသား၊ကျောင်းသူ စာရင်းများကို ကျောင်းများအလိုက် ပြိုင်ပွဲဝင် ဦးရေများ ပေးပို့ရန်နှင့် ပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ရမည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများအတွက် အမှတ်ပေး စည်းမျဉ်း၊စည်းကမ်းများ၊ ပြိုင်ပွဲဝင်ဦးရေ သတ်မှတ်ခြင်း၊ ပြိုင်ပွဲအချိန် သတ်မှတ်ခြင်း စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးသို့ တက်ရောက်လာသော ကျောင်းတာဝန်ခံ ဆရာမများကလည်း သိလိုသည်များကို မေးမြန်းခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ မြစ်သားမြို့ပေါ်ရှိ အခြေခံပညာဦးစီးဌာန ( ထက်၊ လယ်၊မူ ) ကျောင်းများမှ ကျောင်းအုပ်ဆရာမကြီးများနှင့် ဆရာမများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)