မိုးမောက်မြို့နယ်၌ မြို့နယ်အဆင့် (၂၀၂၃-၂၀၂၄) ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ

မိုးမောက်  ဇန်နဝါရီ  ၃၀

ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင်(၂၀၂၃-၂၀၂၄)ပညာသင်နှစ်အတွက် ပညာရေးစုံညီပွဲတော်ကို ယနေ့ နံနက် ၁၀ နာရီက အ.ထ.က ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ G-11 ကျောင်းသား၊ ကျောင်းသူများက "ကြိုဆိုပါသည် စုံညီပွဲတော်သီချင်း" ဖြင့် တေးသရုပ်ဖော်ကပြ၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပေးကြောင်း သိရသည်။

ရှေးဦးစွာ ပညာရေးစုံညီဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မောင်မောင်က အဖွင့်အမှာစကား ပြောကြားခြင်းနှင့် မြို့နယ်ပညာရေးမှူး ဒေါ်ရွယ်နှောင်းက ကျောင်းအကျိုးတော်ဆောင် များအား ကျေးဇူးတင်ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ခွင့် အခွင့်အလမ်းများ မ‌ဆုံးရှုံးအောင် မိဘများက ဂရုစိုက်သင့်ကြောင်း၊ ကျောင်းနေအရွယ် ကလေးငယ်များ ကျောင်းရောက် ဖို့နဲ့ ကျောင်းမထွက်ဖို့လိုကြောင်း၊ ဗလငါးတန်ဖွံ့ဖြိုးရေး ဦးစားပေး ဦးတည်နေကြောင်းနှင့် ပညာရေး ၏တန်ဖိုးများအား ရှင်းလင်းပြောကြားပြီး ကျောင်းဘက်စုံ ဖွံ့ဖြိုးစေရေးအတွက် ကျောင်းသားမိဘများ က ဝိုင်းဝန်းပံ့ပိုးပူးပေါင်းကြရန်လိုအပ်ကြောင်း​ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပညာသင်နှစ်အတွင်း ကမ္ဘာ့ဆရာများနေ့၊ နိုင်ငံတကာစာတတ်မြောက် ရေးနေ့၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့၊ အာဇာနည်နေ့အထိမ်းအမှတ်၊  (၁၀၃)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ စသည့် အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲဆုနှင့် စာပေဘာသာ ထူးချွန်ဆုရရှိခဲ့ကြသည့် ကျောင်းသား/သူများနှင့် အတန်းတက်မှန်ဆု၊ ဖွံ့ဖြိုး‌ရေး ဆောင်ရွက်နိုင်ဆုများအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ် ဆရာမကြီးနှင့် ကျောင်းအုပ်ကြီးများ၊ အလှူရှင်များ၊ ကျောင်းကော်မတီဝင်တို့က ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ကျောင်းသူ/သားလေးများက အကဖွဲ့အလိုက် အကပဒေသာများဖြင့် ပျော်ရွှင်စွာ ကပြဖျော်ဖြေခဲ့ကြရာ တက်ရောက်လာသူများနှင့် ကျောင်းသားမိဘများက အားပေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။

လွန်းနန်းထွေး