စမ်းချောင်း ဇန်နဝါရီ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ပြည်သူများမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် တစ်အိမ်တက်ဆင်း စစ်ဆေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် (၉:၀၀) နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘ၀င်းက ကြီးကြပ်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးသူရဆွေနှင့် သန္ဓေမီးသတ်တပ်ဖွဲ၀င်များ၊ အရန်မီးသတ်တပ်ဖွဲ့၀င်များနှင့် ရပ်ကွက်အုပ်ချူပ်ရေးမှူးများက စမ်းချောင်းမြို့နယ် ဟုမ်းလမ်းဘူတာရပ်ကွက်အတွင်းရှိ အိမ်ခြေ (၁၅၀) အား မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မီးလောင်မှုမီးလန့်မှုများ မဖြစ်ပေါ်စေရန်၊ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိရာ၊ မြိုနေပြည်သူများအနေဖြင့် မီးသုံးစွဲရာတွင် စနစ်တကျအသုံးပြုရန်နှင့် မီးဘေးလုံခြုံရေး ရေပုံးနှင့် မီးချိတ်၊ မီးကပ်၊ မီးသတ်ဆေးဘူးများ ထားရှိရန် လှည့်လည်အသိပေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊
ဖြူသွယ်ထွန်း (ပြန်/ဆက်)