မြင်းခြံတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကြက်ခြေနီသင်တန်းဆင်းပွဲနှင့် သင်တန်းဆင်းလက်မှတ် ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

မြင်းခြံ ဇန်နဝါရီ ၃၀

မန္တလေးတိုင်းဒေသကြီး မြင်းခြံတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကြက်ခြေနီသင်တန်းဆင်းပွဲနှင့် သင်တန်းဆင်းလက်မှတ် ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြင်းခြံတက္ကသိုလ် ဒုပါမောက္ခ ဒေါ်မြင့်မြင့်ခိုင်က သင်တန်းဆင်းအမှာစကား ပြောကြားပြီး ခရိုင်ကြက်ခြေနီတပ်ဖွဲ့ ဒုခရိုင်မှူး ဒေါ်မြတ်မြတ်မိုးက သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် အဆိုပါသင်တန်းတွင် မြွေကိုက်လူနာပြုစုခြင်းနှင့် အရေးပေါ်လူနာပြုစုခြင်းတို့အတွက် ဘာသာရပ် (၃၀) ကျော် စေတနာဖြင့် ကူညီသင်ကြားပေးခဲ့သူ သင်တန်းနည်းပြများအား ဒုပါမောက္ခ ဒေါက်တာ ဒေါ်မြင့်မြင့်ခိုင်နှင့် ဒုပါမောက္ခ ဒေါက်တာကျော်ဝင်းဦးတို့က ဂုဏ်ပြုလွှာများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။

ဆက်လက်၍ သင်တန်းနည်းပြ ဒေါ်မြတ်မြတ်မိုးက သင်တန်းသား/သူများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ရာ သင်တန်းသား/သူများကိုယ်စား သင်တန်းသူတစ်ဦးမှ လက်ခံရယူခဲ့ပြီး သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူ သင်တန်းသား/သူများအား သင်္ချာဌာနမှ ပါမောက္ခ (ဌာနမှူး) ဒေါက်တာခင်မြတ်မြတ်အောင်က ဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။

အဆိုပါ သင်တန်းကို ဇန်နဝါရီ ၈ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချခဲ့ပြီး သင်တန်းသား/သူ (၁၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။          

ခရိုင်(ပြန်/ဆက်)