မြစ်ကြီးနား ဇန်နဝါရီ ၃၀
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပြိုင်ပွဲများကို မြစ်ကြီးနားတက္ကသိုလ် သုတေသနဆောင် (RESEARCH HUB) အပေါ်ထပ်ရှိ ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
အဆိုပါ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပရာတွင် ပြည်ထောင် စုကြီးတည်တံ့ခိုင်မြဲဖို့ တို့တိုင်းရင်းသားတွေ ညီညွတ်စို့ ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို လည်းကောင်း၊ ပင်လုံမြေမှ သက်သေတည် ပြည်ထောင်စုနေ့ဂုဏ်ရည် ခေါင်းစဉ်ဖြင့် ကဗျာပြိုင်ပွဲ ကို လည်းကောင်း၊ ပြည်ထောင်စုနေ့နှင့် ယနေ့လူငယ်တို့၏ အခန်းကဏ္ဍ ခေါင်းစဉ်ဖြင့် ဆောင်းပါးပြိုင်ပွဲကို လည်းကောင်း၊ ပြည်ထောင်စုကြီး အဓွန့်ရှည်ဖို့ တို့လက်တွေခိုင်မြဲစို့ ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲကိုလည်းကောင်း ကျင်းပပြုလုပ်ရာ မြစ်ကြီးနားတက္ကသိုလ် ဘာသာရပ်ပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူ (၆၁) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲများ ကျင်းပရာသို့ မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်ဝင်းနှင့် တာဝန် ရှိသူများက လာရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း၊ မွန်းလွဲပိုင်းတွင် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲများကိုလည်း ဆက်လက်ကျင်းပခဲ့ကြောင်းနှင့် အဆိုပါပြိုင်ပွဲများ တွင် ဆုရရှိသူများအား ပြည်ထောင်စုနေ့ အခမ်းအနားတွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)