ဆွမ်ပရာဘွမ် ဇန်နဝါရီ ၃၀
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ကျောင်းအတွင်း စာစီစာကုံး၊ ကဗျာပြိုင်ပွဲများကို ယနေ့နံနက် (၉)နာရီက ကျင်းပခဲ့သည်။
အဆိုပါ စာစီစာကုံး၊ ကဗျာပြိုင်ပွဲများကို (အ.ထ.က)ကျောင်းအုပ်ဆရာကြီး ဦးခိုင်မင်းအောင်နှင့် ဆရာမများက အနီးကပ်ကြီးကြပ်၍ Grade-6 မှ Grade-12 အထိ ကျောင်းသား/ကျောင်းသူများမှ ကဗျာပြိုင်ပွဲတွင် ပြည်ထောင်စုဖွား ညီနောင်များ စုပေါင်းကာ ရည်သက်သေတည်ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာစီစာကုံးပြိုင်ပွဲတွင် Grade- 4 မှ Grade- 12 အထိ ကျောင်းသား/ ကျောင်းသူများက ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့ ခေါင်းစဉ်အသီးသီးဖြင့် ကျောင်းသား/ကျောင်းသူ (၂၆)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို (အ.ထ.က)ကျောင်းသား/ ကျောင်းသူများထံ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)