မဟာအောင်မြေခရိုင် အမျိုးသမီးရေးရာအဖွဲ့မှ ရုံးစာကြည့်တိုက်အတွက် သုတ၊ ရသစာအုပ်၊ စာ‌စောင်များ လာ‌ရောက်လှူဒါန်း

မဟာအောင်မြေ ဇန်နဝါရီ   ၃၀

မဟာအောင်မြေခရိုင် အမျိုးသမီးရေးရာအဖွဲ့မှ သုတ၊ ရသစာအုပ်၊ စာ‌စောင်များကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးစာကြည့်တိုက်သို့ လာရောက်လှူဒါန်းပေးခဲ့သည်။

ထိုသို့ လာရောက်လှူဒါန်းပေးမှုကို မဟာအောင်မြေခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသန့်၊ မဟာအောင်မြေမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဌေးဌေးလွင်နှင့် အဖွဲ့ဝင်များမှ မြို့နယ်ပြည်သူ့စာကြည်တိုက်သို့ လာရောက်ငှားရမ်းဖတ်ရှုသော စာဖတ်ပရိသတ် များအား စာအုပ်စာစောင်များစုံလင်စွာ ငှားရမ်းဖတ်ရှုနိုင်စေရန်ရည်ရွယ်ချက်ဖြင့် လာရောက်လှူဒါန်းပေးရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုဘိုနှင့် စာကြည့်တိုက်မှူး ဒေါ်သရဖီဖြိုးတို့က လက်ခံရယူခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း