ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခန်းဆုံး တတ်မြောက်မှုစစ်ဆေးခြင်းစာမေးပွဲများ ကျင်းပ

သံတွဲ ဇန်နဝါရီ ၃၀

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် (Grade-4) မှ(Grade-12) ထိ အခန်းဆုံးတတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲများကို ယမန်နေ့နံနက်ပိုင်းက စတင်ကျင်းပလျက်ရှိသည်။

သံတွဲမြို့နယ်အတွင်း အခြေခံပညာကျော်ငး ၁၉၉ ကျောင်းရှိပြီး (Grade-4) မှ (Grade -12)ထိ မူလတန်းအဆင့် Grade-4 အတန်းအား တစ်ရက်လျှင် နှစ်ဘာသာဖြင့် ဇန်နဝါရီ ၃၁ ရက်နေ့အထိ စစ်ဆေးသွားမည်ဖြစ်ပြီး အလယ်တန်း၊ အထက်တန်းများကို တစ်ရက်လျှင် တစ်ဘာသာဖြင့် ဖေဖော်ဝါရီ ၄ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ ခရိုင်/မြို့နယ်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် စာစစ်ဌာနကြီးကြပ်ရေးမှူးများနှင့် သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ တာဝန်ကျဆရာဆရာမများက အနီးကပ်ကြီးကြပ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်