ကျိုင်းတုံ ဇန်နဝါရီ ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၌ ပွင့်လင်းရာသီရောက်ရှိလာသည်နှင်အမျှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန်ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ကျိုင်းတုံမြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးသူထိုက်မှ ဦးဆောင်ကာ သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများအား မီးသတ်ဦးစီးဌာန၏ လုပ်ငန်းစဉ်(၇)ရပ်နှင့်အညီ နေအိမ်များသာမက စက်ရုံ၊ အလုပ်ရုံ၊ စက်သုံးဆီဆိုင်၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများ၊ ကုန်စုံဈေးဆိုင်များတွင် မီးလောင်မှု၊ မီးလန့်မှု မဖြစ်ပွားစေရန်အတွက် တစ်အိမ်တက်/ဆင်း မီးဘေးလုံခြုံရေးအတွက် လိုက်လံစစ်ဆေးအကြံပြု၍ တိကျစွာလိုက်နာ ဆောင်ရွက်စေရေး ချပြရှင်းလင်းခြင်းများနှင့် ရပ်/ရွာအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်ဆော်ဩခြင်းများအား မြို့ပေါ်ရပ်ကွက်များသာမက ကျေးရွာများအထိကွင်းဆင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်၌ ၂၀၂၃ခုနှစ်အတွင်း တောမီး၊ ပေါ့ဆမီး စသောမီးလောင်းကျွမ်းမှု ဖြစ်စဉ်(၉)ခုဖြစ်ပွားခဲ့ပြီး ယခုနှစ်တွင် မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒီဇင်ဘာလမှစ၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)