ကျိုင်းတုံမြို့နယ် မိုင်းဇင်း အ.ထ.က (ခွဲ) ကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်အသိညာပေး ဟောပြော

 

ကျိုင်းတုံ ဇန်နဝါရီ ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းက မူးယစ်ဆေးဝါးအန္တရာယ်အသိညာပေးဟောပြောပွဲကို ယမန်နေ့က ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်း၊ အခြေခံပညာထက်တန်းကျောင်း (ခွဲ) ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်သွင်က အမှာစကားပြောကြားပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း အဖွဲ့ဝင် ဦးစိုင်းပန်းလှက မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးထိခိုက်ဆုံးရှုံးမှုများအကြောင်း၊ မူးယစ်‌ဆေးဝါးပြစ်မှုများ ကျူးလွန်ပါက ချမှတ်ခြင်းခံရမည့် ပြစ်ဒဏ်များအကြောင်း၊ မူယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် သိရှိလိုက်နာသင့်သည့်အချက်များစသည့် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအကြောင်းအ‌ရာများကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောပြီး ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များ မေးမြန်းရာ  ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)