ခိုလမ်မြို့၊ မူလွန်-ဝမ်ဖွီးကျောင်းတွင် (၇၇) နှစ်မြောက် ပြည်ထောင်စု‌နေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

 

ခိုလမ် ဇန်နဝါရီ ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ မူလွန်-ဝမ်ဖွီးကျောင်းတွင် (၇၇) နှစ်မြောက် ပြည်‌ထောင်စုနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့​သည်။

အဆိုပါကဗျာရွတ်ဆိုပြိုင်ပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်လှထွေးမှ ကျောင်းသား/သူများအနေဖြင့် နေ့ထူးနေ့မြတ်များကို မြတ်နိုးတန်ဖိုးထားစေရန်နှင့် ကျောင်းစာအပြင် ပြိုင်ပွဲများတွင် ပါဝင်ယှဥ်ပြိုင်လိုသည့်စိတ်များ ဖြစ်ပေါ်လာစေရန် ပြောကြားခဲ့ပြီး ပြိုင်ပွဲကို ကျောင်းသား/သူ (၁၄) ဦးတို့မှ ပြည်ထောင်စုနေ့အထိမ်းအမှတ် ကဗျာများ အသီးသီးရွတ်ဆိုပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး  (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/သူများအား တာဝန်ရှိသူများမှ ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

နေလင်းထွန်း(ပြန်/ဆက်)