ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားကျင်းပ

ဒဂုံဆိပ်ကမ်း ဇန်နဝါရီ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ ယုဇနခန်းမ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် (၈) နာရီ က ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးဌာနမှ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင်ဗဟိုအဆင့် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲတွင် ဒုတိယဆုရရှိသော Grade-8 မှ ကျောင်းသူ မထက်ဝေလျှံလင်းက “လူချွန်လူကောင်းသီချင်း” ကို ဆောင်းတူရိယာဖြင့် အခမ်းအနားဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် အထက်တန်းပြဆရာမ ဒေါ်နှင်းမာလာက ရသုံးငွေစာရင်းရှင်းတမ်းအား ဖတ်ကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်သက်နွယ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းအကျိုးတော်ဆောင်များက ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန်ဆုရရှိသော ကျောင်းသား/ ကျောင်းသူများအားလည်းကောင်း၊ ဆို၊ က၊ ရေး၊ တီးဗဟိုအဆင့်ပြိုင်ပွဲတွင် ဆောင်းတူရိယာဖြင့် ဒုတိယဆုရရှိသော ကျောင်းသူအားလည်းကောင်း၊ မြို့နယ်အဆင့် လူရည်ချွန်ပြိုင်ပွဲတွင် ဆုရရှိသူများအားလည်းကောင်း၊ Grade-11၊ 10၊ 9၊ 8 တွင် A အဆင့် အကောင်းဆုံးဆုရ ကျောင်းသား/ သူများအားလည်းကောင်း၊ အကောင်းဆုံးစွမ်းဆောင်ရည်ဆုရရှိသော သင်ကြားရေး ဆရာ၊ ဆရာမများအားလည်းကောင်း၊ အတန်းလိုက် စွမ်းဆောင်ရည်ဆုရရှိသော ဆရာ၊ ဆရာမများအားလည်းကောင်း၊ တိုင်းအဆင့် ပဋ္ဌာန်းပြိုင်ပွဲတွင် ဆုရရှိသူများအားလည်းကောင်း ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး ကျောင်းသား/ သူများက ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရဿည်။

အေးမဉ္ဇူ