တပ်ကုန်း ဇန်နဝါရီ ၃၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်း ရေးအတွက် FDA အဖွဲ့နှင့် မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဆေးဆိုင်၊ ယစ်မျိုးဆိုင်နှင့်စားသောက်ကုန်ဆိုင်များအား စစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။
ထိုစစ်ဆေးရေးအဖွဲ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သုံးစားသူရေးရာဦးစီးဌာနမှ ဒုတိုင်းဦးစီးမှူး ဦးခင်မောင်ဆွေ၊ ဥတ္တရခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနှင်းနှင်းဝေနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၂) ဒေါက်တာခင်မောင်ထွန်းနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဥပဒေရုံး၊ မြို့နယ်ငါးမွေးမြူရေးလုပ်ငန်းဦးစီးဌာန၊ မြို့မရဲစခန်း၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ မြို့မစျေးတာဝန်ခံ ဦးမျိုးညွန့် ပါဝင်သော ပူးပေါင်းအဖွဲ့တို့ တပ်ကုန်းမြို့မစျေးအတွင်းနှင့်အနီးရှိ ဆေးဆိုင်များ၊ ယစ်မျိုးဆိုင်များနှင့် စားသောက်ကုန်ဆိုင်များတွင် လိုင်စင်မဲ့ဆေးဝါးများနှင့် အရက်၊ ဘီယာ၊ စားသုံးရန်မသင့်သည့် ဟင်းသီးဟင်းရွက်နှင့် သားငါးများကို စစ်ဆေးခဲ့ပြီး မုန့်ဟင်းခါးဖက်တွင် ဖော်မလင်ဆေးပါဝင်မှုများကိုလည်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။
တင်စိုးလွင်