ကျောက်တံတား ဇန်နဝါရီ ၂၉
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုတိုးချဲ့ကာကွယ်ဆေးလုပ်ငန်းဌာနခွဲသည် ကာကွယ်ဆေးဖြင့်ကာကွယ်၍ ရသောရောဂါများဖြစ်ပွားသေဆုံးမှုနှုန်း လျော့နည်းစေရေးအတွက် ကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့နာနှင့် မေးခိုင်ကာကွယ်ဆေး DT(Diphtheria Tetanus) များထိုးနှံခြင်းကို ဇန်နဝါရီလ စတုတ္ထပတ်အတွင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်အတွင်းရှိ ကျောင်းများတွင် ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် အသက်(၅)နှစ်ပြည့်ပြီး (၇)နှစ်မကျော်သော မူလတန်းအတင့် KG ကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့နာနှင့် မေးခိုင်ကာကွယ်ဆေး DT(Diphtheria Tetanus)များကို ဒေါက်တာစိုးလင်းထူးနှင့် ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ထိုးနှံပေးခဲ့ကြကြပြီး မျက်ခမ်းစပ်ရောဂါ စစ်ဆေးပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ကျောက်တံတားမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်း(၁)ကျောင်းနှင့် မူလတန်းကျောင်း(၅)ကျောင်း စုစုပေါင်း(၆)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ(၁၆၀)ဦးအား ဆုံဆို့နာနှင့် မေးခိုင်ကာကွယ်ဆေး DT(Diphtheria Tetanus) များထိုးနှံပေးနိုင်ခဲ့ကြောင်းသိရှိရပါသည်၊၊
မြို့နယ်ပြန်ဆက်