ဟိုပုံး ဇန်နဝါရီ ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ မြို့ပေါ်ရပ်ကွက်များတွင် တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ ဟောပြောခြင်း၊ သရုပ်ပြခြင်းနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် ဟိုပုံးမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဆောင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟိုပုံးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ဟိုပုံးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် မီးသတိမူရေး၊ သတိပေးဆော်ဩခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ ဟောပြောခြင်း၊ သရုပ်ပြခြင်းနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)