ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်း ဥတ္တရသီရိမြို့နယ်အတွင်းရှိ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ဥတ္တရသီရိ ဇန်နဝါရီ ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်း စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများအား ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းသည် ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲထွဋ်ဝင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လိုက်ပါလျက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့်အဖွဲ့သည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူထားသော မောင်းရမ်း‌ကျေးရွာအုပ်စု၊ စည်သာအေးကျေးရွာနေ ဦးစိုးသူလွင်၏ အသားတိုးကြက်မွေးမြူရေးခြံသို့ရောက်ရှိပြီး အသားတိုးကြက်မွေးမြူထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးကာ အသားတိုးကြက်များအပြင် ဥစားကြက်များပါ တိုးချဲ့မွေးမြူသွားရန်နှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့သည် သရက်တော‌ကျေးရွာအုပ်စု၊ သရက်တောကျေးရွာသို့‌ ရောက်ရှိပြီး ကွင်းအမှတ်(၁၈၉၇) တောင်သူဦးခင်မောင်မြင့် စိုက်ပျိုးထား‌သော မကွေး(၁၆)မြေပဲမျိုး ၂ ဧက စံပြစိုက်ခင်းတွင် စံကွက်ရိတ်သိမ်းမှုအား ကြည့်ရှုစစ်ဆေးရာ ၁ ဧကလျှင် မြေပဲအထွက်နှုန်း ၈၅ တင်းခန့်ထွက်ရှိခဲ့ပြီး ပန်းတိုင်အထွက်နှုန်းရရှိအောင် စိုက်ပျိုးရေးဌာနမှ အထွက်နှုန်းကောင်းမွန်သောမျိုးများကို ပြောင်းလဲစိုက်ပျိုးနိုင်ရေးအတွက် တောင်သူအသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)