ဝမ်းတွင်းမြို့နယ်၌ ကလေးသူငယ်များ သဘာဝဘေးအန္တရာယ်လျော့နည်းရေးနှင့် တုံ့ပြန်ဆောင်ရွက် ရေးအသိပညာပေး အခမ်းအနားကျင်းပ

ဝမ်းတွင်း  ဇန်နဝါရီ ၂၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ကလေးသူငယ်များ သဘာဝဘေးအန္တရာယ်လျော့နည်းရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအသိပညာပေး အခမ်းအနားကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း (သဲတော)တွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြင့်သိန်းက  သဘာဝ ဘေးအန္တရာယ် အသိပညာပေးအကြောင်းအရာများကို အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက်သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအသိ ပညာပေးခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများပူးပေါင်းကာ လက်တွေ့ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ ဆက်လက်ပြီး မြို့နယ်ပညာရေးမှူး ဒေါ်သီတာက အခြေခံပညာအထက်တန်းကျောင်း(သဲတော)တွင်ပြုလုပ်ပေးသည့် ကလေးသူငယ် များ သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအသိပညာပေး အခမ်းအနားနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး တက်ရောက်လာကြသော ဧည့်သည် တော်များနှင့် စုပေါင်းမှတ်တမ်းဓါတ်ပုံများရိုက်ကူးခဲ့ကြသည်။

အဆိုပါ ကလေးသူငယ်များ သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နှင်းမွန်မွန်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများတက်ရောက်ခဲ့ကြသည်။

ကိုရဲ(ဝမ်းတွင်း)