မလှိုင် ဇန်နဝါရီ ၂၉
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ဇန်နဝါရီ ၂၈ ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ်ပြန်/ဆက်ရုံး လူထုအခြေပြုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည် ။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းက ပြိုင်ပွဲနှင့် ပြပွဲများ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် ဦးမင်းနိုင် (ဆွေလှိုင်မင်း-မလှိုင်)က စာစီစာကုံးပြိုင်ပွဲ အမှတ်ပေးစည်းကမ်းများအကြောင်းကို ရှင်းလင်းပြောကြားသည်။ ထို့နောက် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲကို “ပြည်ထောင်စုအမွေထိန်းသိမ်းစို့လေ” ခေါင်းစဉ်ဖြင့် ပြိုင်ပွဲကို ကျင်းပပေးခဲ့သည်။ အဆိုပါ ပြိုင်ပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား/သူ(၁၈)ဦးဝင်ရောက် ဖြေဆိုခဲ့ကြကြောင်းသိရသည်။
စာစီစာကုံးပြိုင်ပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြသထားသော အသိပညာပေး နံကပ်စာစောင်၊ ဓါတ်ပုံနှင့် စာအုပ်ပြပွဲကို ကျောင်းသား/သူလေးများက စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)