မိုင်းခတ်မြို့နယ်တွင် ကျေးရွာများသို့ တစ်အိမ်တက်ဆင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်

မိုင်းခတ် ဇန်နဝါရီ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ ပွင့်လင်းရာသီတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်‌ရေး ကျေးရွာအရောက် အသိပညာပေး ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က မိုင်းကာကျေးရွာအုပ်စု၊ ပန်နော်လောင်းကျေးရွာသို့ တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်‌ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မိုင်းခတ်မြို့နယ် မီးသတ်ဦးစီးဌာနမှ စခန်းတာဝန်ခံ ဦးစိုင်းဇင်ကိုလတ်နှင့်အဖွဲ့ဝင်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းတို့က ဒေသခံတောင်ပေါ်ကျေးရွာမှ တိုင်းရင်းသားပြည်သူများအား မီးဘေးလုံခြုံမှုရှိစေရေးအတွက် ထင်းမီးများ စနစ်တကျထားရှိ‌ရေး၊ တောင်ယာလုပ်ငန်းသို့ မသွားရောက်မီနှင့် နေအိမ်တွင် လူစောင့်မရှိပါက မီးဖိုမီးများအား‌ ငြိမ်းသတ်ကြရန်၊ အသက်ကြီးအဖိုးအဖွားများ၊ က‌လေးငယ်များနှင့် စိတ်မနှံ့သူများအား မီးကိုင်တွယ်မှုမရှိစေရေး အထူးဂရုပြုကြရန်နှင့် နေအိမ်တွင် မတော်တဆမီးလန့်မှု၊ မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့်ဖုန်းနံပါတ်များ၊‌ ကျေးရွာရှိ ဈေးဆိုင်ခန်းအတွင်း မီးဘေးလုံခြုံမှုရှိစေရေး မီးသတ်‌ဆေးဘူးများ ထားရှိ‌ဆောင်ရွက်ကြရန်နှင့် မီးသတ်ဆေးဘူးများ စနစ်တကျ အသုံးပြုပုံတို့ကို အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)