စမ်း​ချောင်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလိုက်လံနှိုးဆော်

စမ်းချောင်း ဇန်နဝါရီ ၂၈

ရန်ကုန်တိုင်း‌ဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် အသိပညာပေးမှုများအား ယမန်နေ့(၇:၀၀)မှ(၈:၃ဝ)ထိ လိုက်လံနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် စမ်းချောင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ ဒု-မီးသတ်ဦးစီးမှူးဦးဖြိုးဝင်းသူဦးဆောင် တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် ဒေသခံပြည်သူများ အသက်အိုးအိမ်စည်းစိမ်များဆုံးရှုံးမှု မရှိစေရေးအတွက် မိမိနေအိမ်တွင်လူစောင့်မရှိဘဲ မီးဖိုများအသုံးမပြုကြရန်၊ မီးဘေးလုံခြုံရေးအတွက် ထမင်းဟင်းများချက်ပြုတ်သုံးစွဲပြီးပါက မီးကြွင်းမီးကျန်များမထားကြရန်၊ မီးလောင်လွယ်သောဓာတ်ငွေ့နှင့်သိုလှောင်ဆီများကို တရားမဝင်သိုလှောင်ရောင်းချခြင်းမပြုလုပ်ကြရန်၊ လျှပ်စစ်မီး၊ ဓာတ်ငွေ့မီးများနှင့် ချက်ပြုတ်သုံးစွဲပြီး လုပ်ငန်းများလုပ်ကိုင်ပြီးပါက ခလုတ်များပိတ်ထားကြရမည်ကို သတိပြုကြရန်၊ လျှပ်စစ်ဓာတ်အားသုံးဝါယာကြိုးများအား ခံနိုင်ရည်ထက်ကျော်လွန်စွာ ဝန်နှင့်အားမမျှ သုံးစွဲခြင်းမပြုလုပ်ကြရန် ခြင်ဆေးခွေ၊ ဖ‌ယောင်းတိုင်၊ အမွှေးတိုင်မီးများကို  သေချာစွာ ငြှိမ်းသတ်ပြီးမှအိပ်ကြရန်၊  မီးချိတ်၊ မီးကတ်၊ ရေးပုံး၊ သဲပုံးများထားရှိရန်နှင့် မီးလောင်မှုဖြစ်ပွားပါက အချိန်မီသတင်းပေးပို့ကြရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ လိုက်နာရမည့်အချက်များအား လိုက်လံနှိုးဆော်ပေးမှုများ ဆောင်ရွက်‌နေကြောင်းသိရသည်။

ထိုသို့ မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများ လိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်ခြင်းကို စမ်းချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ လိုက်လံနှိုးဆော်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဖြူသွယ်ထွန်း