တိုက်ကြီးမြို့နယ်၌ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲကျင်းပ

တိုက်ကြီး ဇန်နဝါရီ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် အရန်မီးသတ်တပ်ဖွဲ့တို့ပူးပေါင်း၍ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း (၁/၂၀၂၄) သင်တန်းဆင်းပွဲကို အိုးတန်းရပ်ကွက် ရွှေဂျိုးဖြူခန်းမတွင် ယမန်နေ့ နံနက် ၁၀နာရီအချိန်က ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက အဖွင့်အမှာစကားပြောကြားပြီး ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌဦးဌေးဝင်းက ဂုဏ်ပြုအမှာစကားပြောကြားသည်။ ဆက်လက်၍ သင်တန်းတွင် ထူးချွန်စွာအောင်မြင်သော သင်တန်းသားများအား ဆုချီးမြှင့်ခြင်းနှင့် သင်တန်းဆင်း‌အောင်လက်မှတ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့် တာဝန်ရှိသူများက ‌ချီးမြှင့်‌ပေးအပ်သည်။

အဆိုပါ ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း(၁/၂၀၂၄)တွင် သင်တန်းသား(၃၀)ဦး တက်ရောက်ပြီး ကြက်ခြေနီအကြောင်းသိကောင်းစရာ၊ ရှေးဦးပြုစုခြင်းအခြေခံသဘောတရား၊ အခြေခံအသက်ကယ်အထောက်အကူပြုစုနည်း စသည့်ဘာသာရပ်များကို (၃)ရက်ကြာ ဆွေးနွေးပို့ချခဲ့‌ကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)