ဟိုပုံး ဇန်နဝါရီ ၂၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တပ်မတော်ကွန်ပျူနှင့်နည်းပညာသိပ္ပံ(ဟိုပုံး) ကျောင်းအုပ်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲ(၁)နာရီက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် စံဖူးဘုန်းတော်ကြီးကျောင်းအား သွားရောက်၍ ဆရာတော်ဦးဣန္ဒက ဖူးမျှော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမအလှူငွေများ ဆက်ကပ်လှူဒါန်းပေးကြသည်။
ဆက်လက်၍နို င်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စံဖူးကျေးရွာမှ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ခွန်စံလွင်က စံဖူးကျေးရွာရှိ မီးဘေးသင့်ပြည်သူများကို အားပေးစကားပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စံဖူးကျေးရွာမှ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေကျပ်သိန်း(၁၀၀၀)ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ခွန်စံလွင်ကပေးအပ်ရာ စံဖူးကျေးရွာအုပ်ချုပ်ရေးမှူး ဦးခွန်မောင်ဖြူ၊ စံဖူးကျေးရွာသူကြီးဦးထွန်းလှတို့မှ လက်ခံရယူ၍လည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့က စံဖူးကျေးရွာမီးဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေ ကျပ်သိန်း (၃၀၀)ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများက လှူဒါန်းပေးအပ်ရာ စံဖူးကျေးရွာမှ မိုးပျဥ်းနှင့်မိုးဒုတ်တို့မှ လက်ခံရယူကြကြောင်း သိရသည်။
ထို့နောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ခွန်စံလွင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် စံဖူးကျေးရွာမှ မီးဘေးသင့်ပြည်သူများ အိမ်များ ပြန်လည်တည်ဆောင်နေမှုကို လှည့်လည်ကြည့်ရှုကြကြောင်းသိရှိရသည်။
မောင်မောင်သန်း(ပြန်/ဆက်)