ချမ်းမြသာစည်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်း မီးဘေးအန္တရာယ်ကင်းဝေးရေး လိုက်လံစစ်‌ဆေးခြင်းနှင့် အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်

ချမ်းမြသာစည် ဇန်နဝါရီ ၂၈

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ ပြည်သူများအား မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့်မီးဘေးအန္တရာယ်များကို ကြိုတင်၍ကာကွယ်ဆောင်ရွက်နိုင်ရန်အတွက် သတိပြုလိုက်နာဆောင်ရွက်ရမည့် အချက်များအား  မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက  လိုက်လံစစ်ဆေးခြင်းများ ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ချမ်းမြသာစည်မြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းမင်းထွန်းနှင့်တပ်ဖွဲ့ဝင်များသည် ထွန်တုံးရပ်ကွက်နှင့် မြရည်နန္ဒာရပ်ကွက်များသို့ သွားရောက်ပြီး မီးဖိုအသုံးပြုသည့်နေအိမ်များနှင့် အခြားမီးသုံးစွဲသည့် နေအိမ်များအား  မီးများစနစ်တကျသုံးစွဲရန်နှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ထားရှိရန် လိုအပ်ချက်များအား လိုက်လံစစ်ဆေး၍ မီးမလောင်ခင်ဆောင်ရွက်ရမည့်နည်းလမ်းများ၊ မီးလောင်လျှင်ဆောင်ရွက်ရမည့်နည်းလမ်းများနှင့် မီးလောင်ပြီးဆောင်ရွက်ရမည့်နည်းလမ်းများကို တစ်အိမ်တက်ဆင်းလိုက်လံစစ်ဆေး အသိပညာပေးခြင်းနှင့်အတူ မီးသတ်ယာဉ်များဖြင့် လိုက်လံနှိုးဆော်အသိပေးခြင်းများကို လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချမ်းမြေ့