ဝိုင်းမော် အောက်တိုဘာ ၂၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ အသက်(၆၀)နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲ ပေးနိူင်သည့် မဲဆန္ဒရှင်ပြည်သူများသည် ယနေ့ နံနက်(၈)နာရီမှညနေ(၆)နာရီထိ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုတင်မဲများလာရောက်ပေးလျက်ရှိကြောင်း သိရသည်။
အသက်(၆၀)နှစ်နှင့် အထက်မဲဆန္ဒရှင်ပြည်သူများအနေဖြင့် အောက်တိုဘာ (၂၉) ရက်မှ နိုဝင်ဘာ (၅ )ရက် နေ့ထိ ကြိုတင်ဆန္ဒမဲများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများသို့ကိုယ်တိုင် သွားရောက် ပေးနိုင်ပြီး ကျန်းမာရေးအခြေအနေအရ ကိုယ်တိုင်သွားရောက်ရန်ခက်ခဲပါက သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲရုံးသို့ သတင်းပေးပို့လျှင် နေအိမ်မှ ကြိုတင်မဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းနှင့် ဝိုင်းမော်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာ (၄၀)အုပ်စုရှိပြီး အသက်(၆၀)နှစ်နှင့်အထက် ကြိုတင် ဆန္ဒမဲပေးနိုင်သည့် မဲဆန္ဒရှင်ပြည်သူစုစုပေါင်း(၁၀၇၁၃) ဦးခန့်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး မှ သိရသည်။
ခိုင်သက်မွန်(ပြန်/ဆက်)