ချောင်းဆုံမြို့နယ် အောက်တိုဘာ ၂၉
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ အသက်(၆၀)နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲပေးမည့် မဲဆန္ဒရှင် ပြည်သူများသည် ယနေ့နံနက် ၉နာရီခွဲက စတင်ပြီး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲရုံးများ၌ ကြိုတင်မဲများ လာရောက်ပေးလျက်ရှိကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်တွင် အသက်(၆၀)နှစ်နှင့် အထက်မဲဆန္ဒရှင်ပြည်သူများအနေဖြင့် အောက်တိုဘာ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်နေ့ အထိကြိုတင်မဲများကို သက်ဆိုင်ရာ/ ကျေးကော်မရှင် အဖွဲ့ခွဲရုံးများသို့ သွားရောက်ပြီး ဆန္ဒမဲပေး လျက်ရှိကြောင်း၊ ကျန်းမာရေးအခြေအနေအရ ကိုယ်တိုင်သွား ရောက်ရန်ခက်ခဲ သည့် ပြည်သူများအနေဖြင့် ကော်မရှင် အဖွဲ့ခွဲရုံးသို့ မိသားစုဝင်မှ သွာရောက်ပြီး သတင်းပေးပို့၍တာဝန်ရှိသူများက နေအိမ်အရောက် သွားရောက်ပြီး ကြိုတင်မဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးမင်းနိုင်ထံမှ သိရသည်။
ချောင်းဆုံတွင် ရပ်ကွက်/ကျေးရွာ(၄၆)အုပ်စုရှိပြီး အသက်(၆၀)နှစ်နှင့်အထက် ကြိုတင်မဲပေးနိုင်သည့် မဲဆန္ဒရှင် ပြည်သူ ကျား(၈၅၇၉)၊ မ(၁၁၀၄၃) ပေါင်း(၁၉၆၂၂) ဦးရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)