မြစ်ကြီးနား ဇန်နဝါရီ ၂၇
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အခမ်းအနားမှူးသင်တန်းကို မြစ်ကြီးနားမြို့ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ယနေ့နံနက် ၉ နာရီက စတင်ဖွင့်လှစ်ခဲ့သည်။
အဆိုပါ သင်တန်းတွင် Master of Ceremony (MC) တစ်ဦးတွင်ရှိရမည့် အဓိကအရည်အချင်းများ၊ MC ၏ ရုပ်ပိုင်းဆိုင်ရာများ၊ အခမ်းအနားမှူးတစ်ဦး၏ ဆောင်ရန်/ရှောင်ရန်များ၊ အသံပိုင်းဆိုင်ရာများနှင့် အထွေထွေပိုင်းဆိုင်ရာများကို ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော်က သင်တန်းသား/သင်တန်းသူ (၃၅) ဦးတို့အား ဇန်နဝါရီ ၂၇ ရက်နေ့မှ ၂၈ နေ့အထိ (၂) ရက်ကြာ စာတွေ့၊ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းတွင် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ဘာသာရေးအသင်းအဖွဲ့များမှ အခမ်းအနားမှူး ဝါသနာပါရှိသူများ တက်ရောက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)