မိုင်းရှူး ဇန်နဝါရီ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်ရှိ မိုင်းအော့ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်က အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး လူငယ်ရေးရာဟောပြောပွဲဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မိုင်းအော့ အ.ထ.က(ခွဲ)ကျောင်းအုပ်ဆရာမကြီးဒေါ်ရုသမှ လူငယ်နှင့်ကျောင်းစည်းကမ်း၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနနည်းစနစ်မှူး ဦးကျော်ဝင်းမှလူငယ်နှင့် အားကစားအကြောင်း ဟောပြောပြီး အား/ကာသိပ္ပံသင်တန်းသားရရှိရေးထည့် သွင်းပြောကြားခဲ့သည်။
အဆိုပါလူငယ်ရေးရာဟော ပြောပွဲသို့ကျောင်းသားကျောင်းသူ(၁၈၀)ဦးတက် ရောက်ခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဘောလုံး(၁)လုံး၊ ဘောလီ ဘော(၂)လုံးလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)