သင်္ဃန်းကျွန်းမြို့နယ်တွင် အသက်(၆၀) နှစ်နှင့်အထက် သက်ကြီးရွယ်အို ကြိုတင် ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်

ရန်ကုန် အောက်တိုဘာ ၂၉

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ(၈) ရက်နေ့တွင် ကျင်းပ မည်ဖြစ်ရာ အသက်(၆၀) နှစ်နှင့်အထက် သက်ကြီးရွယ်အိုများနှင့် နာမကျန်းသူများ လွယ်လင့်တကူ ဆန္ဒမဲပေးနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့၏ လမ်းညွှန်မှုအရ ယနေ့ နံနက် (၆)နာရီအချိန်မှ စတင်၍  ကြိုတင် ဆန္ဒမဲပေးနိုင်ရေးအတွက် သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ရပ်ကွက် (၃၈)ရပ်ကွက်တွင် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတို့က ကြိုတင်ဆန္ဒမဲများကို လိုက်လံကောက်ယူလျက်ရှိရာ အသက်(၆၀)နှစ်နှင့် အထက် သက်ကြီးရွယ်အိုများနှင့် နာမကျန်းသူတို့က ကြိုတင်ဆန္ဒမဲများပေးလျက်ရှိကြရာမြို့နယ်  ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်တို့က လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် အသက်(၆၀) နှစ်နှင့်အထက် သက်ကြီးရွယ်အို ကြိုတင် ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း (၂၇၇၀၅)ဦးရှိပြီး ကြိုတင်ဆန္ဒမဲပေးခြင်းများကို အောက်တိုဘာ (၂၉)ရက်မှ နိုဝင်ဘာ (၅)ရက်နေ့အထိ ကောက်ခံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်  ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံမှသိရသည်။

ရဲမင်းထွန်း (ပြန်/ဆက်)