ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ သတင်းတု၊ သတင်းမှား ခွဲခြားဆန်းစစ်ခြင်း သင်တန်းဖွင့်လှစ်

ဥတ္တရသီရိ ဇန်နဝါရီ ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ သတင်းတု၊ သတင်းမှား ခွဲခြားဆန်းစစ်ခြင်းသင်တန်းကို ၂၅-၁-၂၀၂၄ ရက်နေ့ နံနက်ပိုင်းက ဖွင့်လှစ်သင်ကြားခဲ့သည်။

အဆိုပါသင်တန်းတွင် နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဒေါ်ခင်မာဖြူက သင်တန်းဖွင့်လှစ်သင်ကြားပေးရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီးသင်တန်းတွင် သင်ကြားပို့ချမည့် သင်ခန်းစာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ဒုတိယတိုင်းဦးစီးမှူး ဒေါ်ခင်မာဖြူက မီဒီယာနှင့်သတင်းအချက်အလက်ထောက်ပံ့ပေးသူ အကြောင်းအရာများ၊ Media အမျိုးအစားများ၊  သမားရိုးကျမီဒီယာ (Traditional Media)၊ မီဒီယာပုံစံသစ် (New Media) တွင် ပါဝင်သော Close Media ၊ Print Media ၊ Electronic Media ၊ Static Media ၊ Mobile Media များအကြောင်း၊ မီဒီယာဆိုင်ရာသိနားလည်မှု၊ သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုအကြောင်း၊ သတင်းတု/လုပ်ကြံသတင်း၊ သတင်းမှား၊ လုပ်ကြံသတင်း၊ မသမာသတင်းများခွဲခြမ်းစိတ်ဖြာ အကဲဖြတ်ဆန်းစစ်မှုအကြောင်း၊ သတင်းအချက်အလက်ဖရိုဖရဲဖြစ်မှု (Information Disorder)အကြောင်း၊ MIL ဂေဟစနစ်များ အကြောင်းတို့ကို အသေးစိတ် ရှင်းလင်းသင်ကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဥတ္တရခရိုင်အတွင်းမှ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများအား ဇန်နဝါရီ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့အထိ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)