ဒက္ခိဏခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော်    အောက်တိုဘာ     ၂၉

ဒက္ခိဏခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၏ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယနေ့ နံနက် (၁၀)နာရီတွင် ဒက္ခိဏခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။

ရှေးဦးစွာ ဒက္ခိဏခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဉက္ကဋ္ဌ ဦးတင်မြင့်က အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားမှု အခြေအနေများနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ဒက္ခိဏခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်မြင့်နှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ဆွေးနွေး တင်ပြချက်များအပေါ် ပြန်လည် ဖြည့်စွက်ဆွေးနွေးပေးကြသည်။

ဒက္ခိဏခရိုင်အတွင်းရှိ မြို့နယ်(၄)မြို့နယ်တွင် တစ်သီပုဂ္ဂလ ကိုယ်စားလှယ်များအပါအဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာအတွက်(၂၉)ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် နေရာ အတွက်(၆)ဦးတို့ ဝင်ရောက် ယှဉ်ပြိုင် အရွေးချယ်ခံ သွားမည် ဖြစ်ပြီး ဆန္ဒမဲပေးခွင့်ရှိ သူပေါင်း လက်ရှိအချိန်အထိ (၄၈၁၅၅၄)ဦးရှိရာ မဲရုံပေါင်း(၃၁၀)ရုံ ဖွင့်လှစ်ဆောင်ရွက် သွားမည် ဖြစ်ကြောင်းသိရသည်။

ဇော်မင်းလွင် (ခရိုင်ပြန်/ဆက်)