မိုးနဲမြို့နယ်၌ သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်မျိုးစေ့ထုတ် စံပြစိုက်ခင်း ရိတ်သိမ်း

မိုးနဲ ဇန်နဝါရီ ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၊ မိုက်ဟိုင်းကျေးရွာအုပ်စု၊ မယ်ဇလီမြိုင်ကျေးရွာနေ တောင်သူ ဦးစိုင်းယုန်၏ ယာမြေနေရာတွင် သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်မျိုးစေ့ထုတ်စံပြစိုက်ခင်း နှစ်ဧကကို ယမန်နေ့ နံနက် ၉ နာရီအချိန်ကစတင် ရိတ်သိမ်းလျက်ရှိ‌ကြောင်း သိရသည်။

ထိုသို့ရိတ်သိမ်းရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီဝင် ဌာနဆိုင်ရာများက ကွင်းဆင်းသွား‌ ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်မျိုးစေ့များကို လာမည့်မိုးရာသီ လယ်စိုက်ပျိုးချိန်တွင် အသုံးပြုသွားမည်ဖြစ်ပြီး တောင်သူများ သစ်စိမ်းမြေဩဇာကို ထည့်သွင်းအသုံးပြုစိုက်ပျိုးနိုင်မှုနှုန်း များပြားလာစေရန်ရည်ရွယ်၍ မျိုးစေ့ထုတ်စိုက်ခင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)