မြစ်ကြီးနားမြို့ အခြေခံပညာအထက်တန်းကျောင်း (ပလန) ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

မြစ်ကြီးနား ဇန်နဝါရီ ၂၆

ကချင်ပြည်နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုး လာစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲများကို တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံပညာကျောင်းများတွင် ကျင်းပပြုလုပ်ပေးလျက်ရှိရာ ဇန်နဝါရီ ၂၆ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ အခြေခံပညာအထက်တန်းကျောင်း (ပလန) ရှိ အေးမြသီတာခန်းမ၌ ကျင်းပ သည်။

ရှေးဦးစွာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါ်အိအိအေးက ဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ထက်က ဘဝနေထိုင်နည်းများနှင့် ပတ်သက်၍ သိကောင်းစရာများကို လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးအောင်သူက "လူသားဂုဏ်သိက္ခာနှင့် အားကစားကဏ္ဍ‌" ခေါင်းစဉ် ဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ စာရေးဆရာ အကြီးကိုကို (ကသာ) က "တန်ဖိုးရှိသော လူသားဖြစ်‌ပါစေ" ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ကချင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးတို့က ကျောင်းစာကြည့်တိုက်အတွက် သုတရသ စာအုပ်စာစောင်များကို လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားပစ္စည်းများကို လှူဒါန်းပေးအပ်ခဲ့ကြကြောင်းနှင့် အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးလွင်နှင့် ဆရာ/မများ ကျောင်းသား/သူ (၄၀၀) ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)